Public Figure မိတ်ဆက်

Batman Riddler quote
ဘာရယ်တော့ မဟုတ်ပါဘူး…
စိတ်ကူးထဲပေါ်လာတာလေးတွေကို စုပြီးထားချင်လို့ Public Figure တစ်ခုကိုဖန်တီးလိုက်တာပါ… https://www.facebook.com/Philip-Phyoe-106645018710101/
လိုအပ်နေတဲ့ စိတ်ခွန်အားလေးတွေ အနည်းငယ်ပေးချင်တာလဲ ပါတာပေါ့
အဲ့လိုပြောလို့ တက်ကျမ်းစာတွေချည်း ရေးမှာမျိုးတော့လဲ မဟုတ်ပါဘူး
ကျွန်တော့်ပို့စ်တွေဖတ်ပြီးရင် တွေးစရာလေးတွေ စိတ်ကူးယဉ်စရာလေးတွေ ပါသွားအောင်လို့တော့ ကြိုးစားမှာပါ…
ငယ်ငယ်တုန်းကဆို စာဖတ် ပျင်းတဲ့သူတစ်ယောက်ပါ… မဖြစ်မနေဖတ်ရမယ့် ကျောင်းစာကလွဲရင် ကျန်တာဆို ဝေးဝေးရှောင်တဲ့သူပေါ့…
နောက်တော့ လုပ်ငန်းသဘောအရ စာဖတ်ဖို့လိုလာတယ်။ တဖြေးဖြေးနဲ့ စာရေးဖို့ပါ အကြောင်းဖန်လာရော… ဒီလိုနဲ့ သူငယ်ချင်းရဲ့ အကူအညီနဲ့ စာအုပ် ၃ အုပ်ထုတ်ဖြစ်သွားတယ်ပေါ့လေ…
ခုတလောမှာ လုပ်ငန်းသဘောအရရော ပုဂ္ဂိုလ်ရေးသဘောအရပါ ရေးစရာလေးတွေက ပေါ်လာတယ်။ စိတ်ကူးလေးတွေကို ချရေးရင်း အသုံးတည့်မယ်ဆို ဝေမျှပေးချင်တဲ့စိတ်လေးကြောင့်ပဲ ဒီပေ့ချ်လေးကို စဖြစ်သွားတာပေါ့…
ရေးမယ့် အကြောင်းအရာ အများစုက ဘောဂဗေဒ၊ မားကတ်တင်းနဲ့ နည်းပညာအကြောင်းတွေဖြစ်နေပါလိမ့်မယ်…
တခါတလေ ကျွန်တော်ကြိုက်တဲ့ ရုပ်ရှင်၊ စာအုပ်တွေရဲ့ အကြောင်းလေးတွေလဲ ပါလာမှာပေါ့…
စာဖတ်၊ စာရေးတာ ဝါသနာမပါခဲ့သူတစ်ယောက်ကနေ ခုလို ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ ခေတ်အခြေအနေကိုလဲ ကျေးဇူးတင်ရမလိုပါပဲ။
ကျွန်တော့်စာလေးတွေက စာဖတ်သူတွေအတွက် လက်တွေ့မှာ တစ်ခုခုအသုံးတည့်သွားမယ်ဆို ရေးရကျိုးနပ်ပြီပေါ့ဗျာ…
(ပုံကတော့ မနေ့က ကြည့်ထားတဲ့ Batman ကားထဲက အကြိုက်ဆုံး Dialogue ပါ… ဆရာဘတ် ပရိတ်သတ်ဆိုရင် ဖြေသွားပေးနော်) 😁😁😁
You might also like
No results found.

More Similar Posts

No results found.

Leave a Reply

Your email address will not be published.

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu